(က)
သိမ်းယူထားတဲ့ အာဏာ
အခွင့်ထူးတွေရလာ၊ အာဏာရစ်မူးလာ
ပုလ္လင်ပေါ်မှာ ကော်ထူထူကပ်ထား
သံမှိုစွဲထား
တဖဝါး မကွာတော့။
အာဏာအတွက်
လူတွေရဲ့ အသက်ကိုသတ်ဖြတ်ရ
ဖိနှိအပ်ချေမှုန်း အနိုင်ကျင့်ရ
ပြည်တွင်းစစ်မီး ဟုန်းဟုန်းထ။
သူတို့ရဲ့ဘွဲ့ထူး
ဂုဏ်ထူးသိက္ခာ၊ æ ကြည့်ပါ
အာဏာအရူးအမူး လူသတ်သမားတွေ
ကောက်ကျစ်စုတ်ပဲ့ လူယုတ်မာတွေ
အရှက်ကင်းမဲ့သူတွေ
စစ်ရာဇဝတ်ကောင်တွေ
တိုင်းပြည်ဆုတ်ယုတ်ပျက်ဆီး
လူ့အဖွဲ့အစည်းရဲ့ တရားခံတွေ
--------- တွေ
------------- တွေ
ဆဲသံဆိုသံ၊ ကဲ့ရဲ့သံတွေ
ရှုံ့ချမောင်းမဲ၊ တောထုတ်သံတွေ။
ငါတို့တိုင်းပြည်
ဒီ အနာ့ပဆုတ်တွေကြောင့်
ကြက်သရေ အခါခါယုတ်
ဂုဏ်ပုဒ်ကင်းမဲ့
ရှက်ပါရဲ့ ။
(ခ)
ဖိုးသက်တော်ရှည် ဗိုလ်ချုပ်က
အမျိုးသား ပြည်သူ
လူထုကိုချစ်တယ်
တိုင်းပြည်ကို ချစ်တယ်
အာဏာတန်ခိုးထက်
လူထုကို လေးစားမြတ်နိုး
လူထုအရိပ်မှာ ခိုကိုး
လူထုအကျိုးကို ဦးထိပ်ပန်ဆင်
ပြည်သူသာလျှင် အမိအဖ
အဖိုးရဲ့ ရာဇဝင်မှာတွေ့နေခဲ့ရ
ဘဝတလျှောက်လုံးမှာ ။
လွတ်လပ်ရေး
ပြည်သူ့ဒီမိုကရေစီရေး
ငြိမ်းချမ်းရေး ချွေးသွေးပေးဆပ်ခဲ့
ကိုယ်ကျိုးစွန့်လွှတ်ခဲ့
ရုန်းကန်ခဲ့လေရဲ့။
အဖိုးသက်တော်ရှည်ဟာ
တိုင်းပြည်ရဲ့ ကျက်သရေဆောင်
တော်လှန်လူထုရဲ့ သိက္ခာကိုဆောင်
အမှောင်ခေတ်ထဲက ကြယ်နီပွင့်နေတဝန်း
တင့်ရွှန်းဝေသာ
တိုင်းပြည်အတွက်
လက်လက်ကျက်သရေဖြာ
စက္ကန့်တိုင်းမှာပါ။
စိုင်းလောင်မိန်းသက် (ကြယ်ကမ္ဘာ)
ဒီဇင်ဘာ ၂၆၊ ၂ဝဝ၉
Tuesday, January 12, 2010
လူဖြစ်ခဲ့တယ် ဒါကြောင့်
ငါတို့
ငါတို့တိုင်းပြည်မှာမွေးခဲ့
အဲဒီမြေပေါ်မှာကြီးခဲ့
ရေကိုသောက်ခဲ့
ငါတို့ အဲဒီမှာလူဖြစ်ခဲ့။
ငါတို့တိုင်းပြည်ဟာ
နာရီနဲ့မပြတ်
စစ်မုန်တိုင်း လေနီကြမ်းတိုက်ခတ်
စစ်ပွဲသွေးစီးချောင်း အထပ်ထပ်။
မလွတ်လပ်တဲ့ ဌာနီ
စစ်သံဖနှောင့်အောက်က တိုင်းပြည်
ငါတို့နဲ့ လူထုလွတ်မြောက်ဖို့
ငါတို့ကိုယ်တိုင် ရုန်းကန်စို့။
မလွတ်မြောက်သမျှ
ပေးဆပ်ရမဲ့တာဝန်
ကျေပွန်ပါမှ
လွတ်လပ်ရေးအသီးအပွင့်
ခူးဆင့်ပန်ဆင်နိုင်မယ်ပ။
စိုင်းလောင်မိန်းသက် (ကြယ်ကမ္ဘာ)
ဒီဇင်ဘာ ၂၆၊ ၂ဝဝ၉
ငါတို့တိုင်းပြည်မှာမွေးခဲ့
အဲဒီမြေပေါ်မှာကြီးခဲ့
ရေကိုသောက်ခဲ့
ငါတို့ အဲဒီမှာလူဖြစ်ခဲ့။
ငါတို့တိုင်းပြည်ဟာ
နာရီနဲ့မပြတ်
စစ်မုန်တိုင်း လေနီကြမ်းတိုက်ခတ်
စစ်ပွဲသွေးစီးချောင်း အထပ်ထပ်။
မလွတ်လပ်တဲ့ ဌာနီ
စစ်သံဖနှောင့်အောက်က တိုင်းပြည်
ငါတို့နဲ့ လူထုလွတ်မြောက်ဖို့
ငါတို့ကိုယ်တိုင် ရုန်းကန်စို့။
မလွတ်မြောက်သမျှ
ပေးဆပ်ရမဲ့တာဝန်
ကျေပွန်ပါမှ
လွတ်လပ်ရေးအသီးအပွင့်
ခူးဆင့်ပန်ဆင်နိုင်မယ်ပ။
စိုင်းလောင်မိန်းသက် (ကြယ်ကမ္ဘာ)
ဒီဇင်ဘာ ၂၆၊ ၂ဝဝ၉
Saturday, March 14, 2009
မြို့ ဘဲ အုပ်နဲ့ ရေဆန်ထဲက ငါး
( ၁ )
မြို့ ဘဲအုပ်တွေ
ရေဆိုင်ဝဲထဲ ၊ တွဲလွဲခိုလို့
ရေဇလုံထဲက ၊ ကလေးကစားတဲ့
ဘဲရုပ်ကလေးတွေလိုပေါ့။
ဖေါ့လို
အမွှေးထူပျစ်ပျစ်တွေနဲ့
ဖွဖွရွရွ ဖေါ့ထားလို့
အရုပ်ကလေးတွေလိုပေါ့
ရေစီးသန်လျင်
ရေဆန်လှန်မတက် ၊ ငြိမ်သက် ရေဝဲထဲ
မြို့ဘဲကပျော်တယ်။
( ၂ )
သန်စွမ်းရေလျင်ထဲ
ငွေမင်ရောင်ငါးများ
ဆန်တက်ကူးခတ်သွား
ရေအောက်လှုပ်ရှား
ရေနဲ့ငါး
တသားထဲဖြစ်နေကြ။
ရေသန်
ရေဆန်အလျင်ထဲ ၊ ထိုးခွဲကူးခတ်
ရှင်သန်တဖျပ်ဖျပ်။
စိုင်းလောင်မိန်းသက် ( ကြယ်ကမ္ဘာ )
အောက်တိုဘာ ၄ ရက် ၂၀၀၈
မြို့ ဘဲအုပ်တွေ
ရေဆိုင်ဝဲထဲ ၊ တွဲလွဲခိုလို့
ရေဇလုံထဲက ၊ ကလေးကစားတဲ့
ဘဲရုပ်ကလေးတွေလိုပေါ့။
ဖေါ့လို
အမွှေးထူပျစ်ပျစ်တွေနဲ့
ဖွဖွရွရွ ဖေါ့ထားလို့
အရုပ်ကလေးတွေလိုပေါ့
ရေစီးသန်လျင်
ရေဆန်လှန်မတက် ၊ ငြိမ်သက် ရေဝဲထဲ
မြို့ဘဲကပျော်တယ်။
( ၂ )
သန်စွမ်းရေလျင်ထဲ
ငွေမင်ရောင်ငါးများ
ဆန်တက်ကူးခတ်သွား
ရေအောက်လှုပ်ရှား
ရေနဲ့ငါး
တသားထဲဖြစ်နေကြ။
ရေသန်
ရေဆန်အလျင်ထဲ ၊ ထိုးခွဲကူးခတ်
ရှင်သန်တဖျပ်ဖျပ်။
စိုင်းလောင်မိန်းသက် ( ကြယ်ကမ္ဘာ )
အောက်တိုဘာ ၄ ရက် ၂၀၀၈
Monday, September 1, 2008
ညီညွတ်မှုသည် အား
သူရဲကောင်းတွေ
ဖောင်ဖျက်ခဲ့ကြတယ်။
ကျုပ်တို့
တော်လှန်ရေး သမားတွေရော
ကိုယ့်အကျိုးအတွက် ပြန်လည်စွန့် လွှတ်ဖို့ 
အများအကျိုးအတွက် ပြန်လည်စွန့် စားဖို့ 
အဆင်သင့်ပြီလား။
ပုဂိုလ်စွဲတွေထားခဲ့ ပါတီစွဲတွေထားခဲ့
အာဃာတတွေထားခဲ့ မာန်မာနတွေထားခဲ့
နေရာရူးတွေထားခဲ့ အာဏာရူးတွေထားခဲ့
အနှစ် နှစ်ဆယ်မှာ ထားခဲ့။
ဦးနှောက်ရဲ့ တံခါးတွေ ကို တွန်းဖွင့်
နှလုံးသားရဲ့တံခါးတွေကို တွန်းဖွင့်
ပွင့်လင်းမှု နွေးထွေးမှုတွေနဲ့ 
ညီရင်းအစ်ကိုတွေလို တပြေးညီတည်း စုစည်း
ညီညွတ်မှု အားနဲ့
တော်လှန်ရေးကို အရှိန်အဟုန် ပြန်မြှင့်ကြ
အောင်ပွဲဟာ လက်တကမ်းမှာရှိတယ်။ ။
မောင်ချမ်းမှိုင်း(၀၈ ။ ၃၀ ။ ၀၈ )
ဖောင်ဖျက်ခဲ့ကြတယ်။
ကျုပ်တို့
တော်လှန်ရေး သမားတွေရော
ကိုယ့်အကျိုးအတွက် ပြန်လည်စွန့် လွှတ်ဖို့ 
အများအကျိုးအတွက် ပြန်လည်စွန့် စားဖို့ 
အဆင်သင့်ပြီလား။
ပုဂိုလ်စွဲတွေထားခဲ့ ပါတီစွဲတွေထားခဲ့
အာဃာတတွေထားခဲ့ မာန်မာနတွေထားခဲ့
နေရာရူးတွေထားခဲ့ အာဏာရူးတွေထားခဲ့
အနှစ် နှစ်ဆယ်မှာ ထားခဲ့။
ဦးနှောက်ရဲ့ တံခါးတွေ ကို တွန်းဖွင့်
နှလုံးသားရဲ့တံခါးတွေကို တွန်းဖွင့်
ပွင့်လင်းမှု နွေးထွေးမှုတွေနဲ့ 
ညီရင်းအစ်ကိုတွေလို တပြေးညီတည်း စုစည်း
ညီညွတ်မှု အားနဲ့
တော်လှန်ရေးကို အရှိန်အဟုန် ပြန်မြှင့်ကြ
အောင်ပွဲဟာ လက်တကမ်းမှာရှိတယ်။ ။
မောင်ချမ်းမှိုင်း(၀၈ ။ ၃၀ ။ ၀၈ )
Monday, August 4, 2008
Sunday, August 3, 2008
လှိုင်းဖျားထိပ်ကလူ
(ဆရာဒဂုန်တာရာသို့ )
သပြေပန်း
ကမ်းတဲ့သူ
အချစ်သွေး
လောင်းပေးသူ
ဒေါင်းအိုးဝေ
အိုးဝေသူ
ချိုးဖြူ ။
ရန်သူမရှိတဲ့သူ
ပိတောက်ကိုချစ်သူ
မတ်လကိုချစ်သူ
လစိမ်းကိုချစ်သူ
ဟိန်းရဲ့လူ ။
ပင်လယ်ဝက
မီးပြတိုက်နဲ့တူ
လှိုင်းဖျားထိပ်ကလူ ။
ငြိမ်းချမ်းသူ ၂၀၀၈ -မတ်လ
သပြေပန်း
ကမ်းတဲ့သူ
အချစ်သွေး
လောင်းပေးသူ
ဒေါင်းအိုးဝေ
အိုးဝေသူ
ချိုးဖြူ ။
ရန်သူမရှိတဲ့သူ
ပိတောက်ကိုချစ်သူ
မတ်လကိုချစ်သူ
လစိမ်းကိုချစ်သူ
ဟိန်းရဲ့လူ ။
ပင်လယ်ဝက
မီးပြတိုက်နဲ့တူ
လှိုင်းဖျားထိပ်ကလူ ။
ငြိမ်းချမ်းသူ ၂၀၀၈ -မတ်လ
Saturday, August 2, 2008
မုန်တိုင်းထဲကသားအမိ
( က)
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းတင်းဆုပ်ထား ။
လေကြီးမိုးကြီးတွေ
ပြိုပြိုဆင်းလာနေတယ်
နတ်ဘုံနတ်လမ်းဟာလဲ
မဲမဲမှောင်နေတယ်။
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းဆုပ်ထား ။
(ခ)
မေမေ
မေမေ
သားကြောက်တယ်။
မေမေ့လက်ကို့  အို
သားမမြင်ရတော့ဘူးဆို။
ဘုရားသခင် ရှိတဲ့
ကောင်းကင်ဘုံ ဟာလဲ
မှောင်နေတာပဲမေမေ
သားရဲ့ကိုယ်လက်တွေမြုပ်သွား ပြီမေမေ
အလင်းရောင်တွေမရှိတော့ဘူးမေမေ
နွားတွေလှည်းတွေ လှေသဘောင်္တွေ
ဆွဲချသွားပြီမေမေ။
မေမေ့ခေါ်သံ
မေမေ့အားပေးသံ
မကြားရတော့ဘူးမေမေ
မေမေ့မျက်နှာ
မေမေ့လက်ပါ
သားမတွေ့ရတော့ဘူးမေမေ။
(ဂ)
သွားနှင့်တော့ကွယ်သားရယ်
မေမေဆုတောင်းနေမယ်။
နောင်ဆိုရင် ဒီကနေ့လို
ဆင်းဆင်းရဲရဲဇာတာ
မင်းလေးရှိမှာမဟုတ်တော့ပါ ။
နောင်ဆိုဒီကနေ့လို
မရေမရာ ကျောင်းပညာ
ဖေဖေ့ဆေးဖိုးဓါတ်စာ
မင်းလေး တွေးပူဖို့မလိုတော့ဘူးကွာ။
ကောင်းကောင်းမှတ်ထားနော်သားရာ
မင်းမေမေ မင်းဖေဖေတို့ရဲ့
ပုံရုပ်ကိုသေသေချာချာ
နောင်ဘ၀မှာ
ဒို့သားအမိသားအဖ
ပြန်အတူတကွ
ပေါင်းသင်းနေထိုင်ကြဦးမှာ ။
(ဃ)
စိတ်ချသွားပါမေမေရယ်
မစိုးရိမ်ပါနဲ့ကွယ် အားတင်းထားတယ်။
နတ်ဘုံနတ်လမ်း ဟာ
နည်းနည်းပြည့်ကျပ်နေတယ်
သားနဲ့သက်တူရွယ်တူ တွေအများကြီး ရှိတယ်
သားသူငယ်ချင်း နဲ့ကျောင်း နေဘက် တွေလဲပါတယ်
မငိုဘူး ၊ ဒို့မျက်ရည်မျက်ဘူးလို့
တဦးကိုတဦးအားပေးကြတယ်ဆိုကြတယ်။
သားစကားကြား လားမေမေရယ်
ဘယ်မေမေပဲဖြစ်ဖြစ်
သားတို့မေမေပဲဖြစ်တယ်
(င)
မေမေ
မေမေ့အနားမှာ
နောင်သားမရှိတဲ့ အခါ
မေမေ့အချစ်တွေနဲ့
မေမေ့မေတ္တာများကိုစုပုံကာ
ရှင်နေတဲ့ သား တွေကိုပေးကမ်းပါ။
အခု
သားတို့ဖာသာသားတို့သွားပြီဗျာ
စိတ်ချပါမေမေရာ
မျက်ရည်သုတ်လိုက်ပါ
မျက်ရည်ဥ လေးတွေရဲ့
အရောင် အဆင်းအလင်း များဟာ
သားတို့သွား မဲ့လမ်းကို
ရှင်းလင်းထွန်းလင်း မပေးနိုင်ပါ။
(စ)
မေမေရယ်
မှတ်ထား ပါတယ်နှလုံးထဲမယ်။
ဖေဖေမေမေတို့ရဲ့
ရုပ်မျက်နှာကိုစွဲစွဲခိုင်ခိုင်ကွယ်
သားမျက်လုံးအိမ်ထဲရိုက်နှိပ်ထားတယ်။
မေမေရယ်
မမေ့နဲ့ကွယ်။
နောင်ဘ၀မှာ
သားတို့ချိန်းထားတာ ။
ငြိမ်းချမ်းသူ
မေ ၂၀၀၈
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းတင်းဆုပ်ထား ။
လေကြီးမိုးကြီးတွေ
ပြိုပြိုဆင်းလာနေတယ်
နတ်ဘုံနတ်လမ်းဟာလဲ
မဲမဲမှောင်နေတယ်။
မြန်မြန်လာသား
မြန်မြန်
မေမေ့လက်ကိုတင်းဆုပ်ထား ။
(ခ)
မေမေ
မေမေ
သားကြောက်တယ်။
မေမေ့လက်ကို့  အို
သားမမြင်ရတော့ဘူးဆို။
ဘုရားသခင် ရှိတဲ့
ကောင်းကင်ဘုံ ဟာလဲ
မှောင်နေတာပဲမေမေ
သားရဲ့ကိုယ်လက်တွေမြုပ်သွား ပြီမေမေ
အလင်းရောင်တွေမရှိတော့ဘူးမေမေ
နွားတွေလှည်းတွေ လှေသဘောင်္တွေ
ဆွဲချသွားပြီမေမေ။
မေမေ့ခေါ်သံ
မေမေ့အားပေးသံ
မကြားရတော့ဘူးမေမေ
မေမေ့မျက်နှာ
မေမေ့လက်ပါ
သားမတွေ့ရတော့ဘူးမေမေ။
(ဂ)
သွားနှင့်တော့ကွယ်သားရယ်
မေမေဆုတောင်းနေမယ်။
နောင်ဆိုရင် ဒီကနေ့လို
ဆင်းဆင်းရဲရဲဇာတာ
မင်းလေးရှိမှာမဟုတ်တော့ပါ ။
နောင်ဆိုဒီကနေ့လို
မရေမရာ ကျောင်းပညာ
ဖေဖေ့ဆေးဖိုးဓါတ်စာ
မင်းလေး တွေးပူဖို့မလိုတော့ဘူးကွာ။
ကောင်းကောင်းမှတ်ထားနော်သားရာ
မင်းမေမေ မင်းဖေဖေတို့ရဲ့
ပုံရုပ်ကိုသေသေချာချာ
နောင်ဘ၀မှာ
ဒို့သားအမိသားအဖ
ပြန်အတူတကွ
ပေါင်းသင်းနေထိုင်ကြဦးမှာ ။
(ဃ)
စိတ်ချသွားပါမေမေရယ်
မစိုးရိမ်ပါနဲ့ကွယ် အားတင်းထားတယ်။
နတ်ဘုံနတ်လမ်း ဟာ
နည်းနည်းပြည့်ကျပ်နေတယ်
သားနဲ့သက်တူရွယ်တူ တွေအများကြီး ရှိတယ်
သားသူငယ်ချင်း နဲ့ကျောင်း နေဘက် တွေလဲပါတယ်
မငိုဘူး ၊ ဒို့မျက်ရည်မျက်ဘူးလို့
တဦးကိုတဦးအားပေးကြတယ်ဆိုကြတယ်။
သားစကားကြား လားမေမေရယ်
ဘယ်မေမေပဲဖြစ်ဖြစ်
သားတို့မေမေပဲဖြစ်တယ်
(င)
မေမေ
မေမေ့အနားမှာ
နောင်သားမရှိတဲ့ အခါ
မေမေ့အချစ်တွေနဲ့
မေမေ့မေတ္တာများကိုစုပုံကာ
ရှင်နေတဲ့ သား တွေကိုပေးကမ်းပါ။
အခု
သားတို့ဖာသာသားတို့သွားပြီဗျာ
စိတ်ချပါမေမေရာ
မျက်ရည်သုတ်လိုက်ပါ
မျက်ရည်ဥ လေးတွေရဲ့
အရောင် အဆင်းအလင်း များဟာ
သားတို့သွား မဲ့လမ်းကို
ရှင်းလင်းထွန်းလင်း မပေးနိုင်ပါ။
(စ)
မေမေရယ်
မှတ်ထား ပါတယ်နှလုံးထဲမယ်။
ဖေဖေမေမေတို့ရဲ့
ရုပ်မျက်နှာကိုစွဲစွဲခိုင်ခိုင်ကွယ်
သားမျက်လုံးအိမ်ထဲရိုက်နှိပ်ထားတယ်။
မေမေရယ်
မမေ့နဲ့ကွယ်။
နောင်ဘ၀မှာ
သားတို့ချိန်းထားတာ ။
ငြိမ်းချမ်းသူ
မေ ၂၀၀၈
Subscribe to:
Posts (Atom)
