တခါးလာခေါက်နေတဲ့ မျက်နှာစိမ်းတွေ

လူထုကသိတယ်
သူတို့ ကိုသိတ်သိတယ်
တိုင်းပြည်နဲ့ လူမျိုးအတွက်
အသက်ပေးနေ
လှုပ်ရှားရုန်းကန်နေသူတွေမဟုတ်
မဟုတ်မှန်းသိတယ်။

လူထုကသိတယ်
အဲဒီလူတွေကို သိတ်သိတယ်
တိုင်းပြည်အတွက်
ငဲ့ကွက်ပြီးရွေးကောက်ပွဲ ၀င်တာပါ
လူမျိုးအတွက်ဆိုပြီး
ရက်ရက်ရောရောပဲ
ရွေးကောက်ပွဲဝင်တာပါ ဆိုဆိုပြီး
စစ်ခွေးကို မျက်နှာချိုသွေးနေရ
ပြောပြောနေကျ
စစ်အုပ်စုကို လွှတ်တော်တွင်းမှာ ချမယ်ကွ
တကယ်က စစ်ဖိနပ်ကို လျှာနဲ့ လျှက်နေရ
စစ်အာဏာရှင် ကောင်းစားရေး
သူတို့ အတွက်လဲ အကျိုးရှိရေး
မျှော်မျှော်တွေးတွေး လုပ်နေကြ။

သိတယ်
လူတွေက သိပ်သိတယ်
သူတို့ လိုလူတွေဟာ
ဘယ်အခါမှာမှ လူထုခေါင်းဆောင်မဖြစ်
စိတ်ညစ်စရာကောင်း
ရယ်စရာအတော်ကောင်းသူတွေ။ ။

စိုင်းလောင်မိန်းသက်
ဧပြီ ၂၂။ ၂၀၁၀