Saturday, March 14, 2009

မြို့ ဘဲ အုပ်နဲ့ ရေဆန်ထဲက ငါး

( ၁ )
မြို့ ဘဲအုပ်တွေ
ရေဆိုင်ဝဲထဲ ၊ တွဲလွဲခိုလို့
ရေဇလုံထဲက ၊ ကလေးကစားတဲ့
ဘဲရုပ်ကလေးတွေလိုပေါ့။

ဖေါ့လို
အမွှေးထူပျစ်ပျစ်တွေနဲ့
ဖွဖွရွရွ ဖေါ့ထားလို့
အရုပ်ကလေးတွေလိုပေါ့

ရေစီးသန်လျင်
ရေဆန်လှန်မတက် ၊ ငြိမ်သက် ရေဝဲထဲ
မြို့ဘဲကပျော်တယ်။

( ၂ )
သန်စွမ်းရေလျင်ထဲ
ငွေမင်ရောင်ငါးများ
ဆန်တက်ကူးခတ်သွား
ရေအောက်လှုပ်ရှား
ရေနဲ့ငါး
တသားထဲဖြစ်နေကြ။

ရေသန်
ရေဆန်အလျင်ထဲ ၊ ထိုးခွဲကူးခတ်
ရှင်သန်တဖျပ်ဖျပ်။

စိုင်းလောင်မိန်းသက် ( ကြယ်ကမ္ဘာ )
အောက်တိုဘာ ၄ ရက် ၂၀၀၈

11 comments:

Anonymous said...

မင်္ဂလာပါခင်မျာ။ ကဗျာကောင်းတစ်ပုဒ်ဖတ်ရတာ အရသာရှိလိုက်တာ။ ဒီကဗျာမှာ တစ်ခြားကဗျာတွေနဲ့ မတူစွာ ထူးတဲ့ အရသာရှိတာ။ ပေါ့ပါး လွယ်ကူစွာ ရေးတတ်ပါပေဗျာ။
E-Journal

Saing Khan Tun said...

ပီစိုင်လောင်မိန်း ...
ကျွန်တော်လာဖတ်တယ် ... သူငယ်ချင်းတွေကိုလည်းပြောလိုက်မယ် ...
တစ်ချို့တော့ အီးမေးလ်ကတစ်ဆင့် ပေးလိုက်ပြီ ..
အားလုံး အဆင်ပြေပါစေဗျာ ...
ခင်မင်မှုဖြင့် ....

Welcome said...

မ်ုင်;သုင်ခု, .. ..

ကဗျာလေးဖတ်သွားပါတယ်
မတွေ့တာအတော်ကြာသွားတယ် ..
profile ပြန်ကြည့်မှ အမှတ်ရတယ်

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံ ပါစေ ..
ခင်မင်လျက်
ဝင်းဇော်

ဆောင်းယွန်းလ said...

အဓိပ္ပာယ်သိပ်ရှိတဲ့ ကဗျာကောင်းလေးတပုဒ်ပါပဲ

အားပေးလျှက်

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ်ဗျာ

ကလူသစ် said...

စီဘောက်မရှိတော့ ဒီမှာပဲအော်ခဲ့ပါတယ်ဗျာ။ လာရောက်လည်ပတ်တဲ့အတွက်ရော၊ လင့်ခ်ထားပေးတဲ့အတွက်ပါ ကျေးဇူးပါဗျား။

နှင်းရည် said...

ကဗျာလေးကောင်းတယ်

နှင်းရည် said...

အသစ်မတွေ့ဘူး

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ကျတော်ရောက်လာ ခဲ့ ဖတ်သွားခဲ့ ပါတယ်ခင်ဗှာ

Anonymous said...

လာဖတ်သွားပါတယ်ဗျာ

win latt said...

လာဖတ်သွားပါတယ်..။
မြို့ဘဲက လေကျယ်တတ်တယ်နော်...
မြို့ကြီးသား ပီသတာဗျ..ဟဲဟဲ..