Monday, September 1, 2008

ညီညွတ်မှုသည် အား

သူရဲကောင်းတွေ
ဖောင်ဖျက်ခဲ့ကြတယ်။

ကျုပ်တို့
တော်လှန်ရေး သမားတွေရော
ကိုယ့်အကျိုးအတွက် ပြန်လည်စွန့် လွှတ်ဖို့ 
အများအကျိုးအတွက် ပြန်လည်စွန့် စားဖို့ 
အဆင်သင့်ပြီလား။

ပုဂိုလ်စွဲတွေထားခဲ့ ပါတီစွဲတွေထားခဲ့
အာဃာတတွေထားခဲ့ မာန်မာနတွေထားခဲ့
နေရာရူးတွေထားခဲ့ အာဏာရူးတွေထားခဲ့
အနှစ် နှစ်ဆယ်မှာ ထားခဲ့။

ဦးနှောက်ရဲ့ တံခါးတွေ ကို တွန်းဖွင့်
နှလုံးသားရဲ့တံခါးတွေကို တွန်းဖွင့်

ပွင့်လင်းမှု နွေးထွေးမှုတွေနဲ့ 
ညီရင်းအစ်ကိုတွေလို တပြေးညီတည်း စုစည်း
ညီညွတ်မှု အားနဲ့
တော်လှန်ရေးကို အရှိန်အဟုန် ပြန်မြှင့်ကြ
အောင်ပွဲဟာ လက်တကမ်းမှာရှိတယ်။ ။

မောင်ချမ်းမှိုင်း(၀၈ ။ ၃၀ ။ ၀၈ )

3 comments:

Canada Myanmar Group said...

တပ်နိုင်သမျှ ညီညွတ်စွာ တော်လှန်ကြပါဖို့ စိတ်ဓါတ်များ
စွာကို ပြုပြင် နိမ့် ချ ကြပါစို့ တော်လှန်နေသောသူများ
အားလုံးကို အပြန်အလှန်လေးစား အသိအမှတ်ပြုကြပါ
စို....

Canada Myanmar Group said...

ဘဲအုပ်က တရာ နှစ်ရာ ဆိုသလို ပါပဲ လား ...

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

သေချာလာဖတ်သွားပါတယ်ဗျာ တော်လှန်ရေး အောင်မြင်ပါစေ