Tuesday, January 12, 2010

လူဖြစ်ခဲ့တယ် ဒါကြောင့်

ငါတို့
ငါတို့တိုင်းပြည်မှာမွေးခဲ့
အဲဒီမြေပေါ်မှာကြီးခဲ့
ရေကိုသောက်ခဲ့
ငါတို့ အဲဒီမှာလူဖြစ်ခဲ့။

ငါတို့တိုင်းပြည်ဟာ
နာရီနဲ့မပြတ်
စစ်မုန်တိုင်း လေနီကြမ်းတိုက်ခတ်
စစ်ပွဲသွေးစီးချောင်း အထပ်ထပ်။

မလွတ်လပ်တဲ့ ဌာနီ
စစ်သံဖနှောင့်အောက်က တိုင်းပြည်
ငါတို့နဲ့ လူထုလွတ်မြောက်ဖို့
ငါတို့ကိုယ်တိုင် ရုန်းကန်စို့။

မလွတ်မြောက်သမျှ
ပေးဆပ်ရမဲ့တာဝန်
ကျေပွန်ပါမှ
လွတ်လပ်ရေးအသီးအပွင့်
ခူးဆင့်ပန်ဆင်နိုင်မယ်ပ။

စိုင်းလောင်မိန်းသက် (ကြယ်ကမ္ဘာ)
ဒီဇင်ဘာ ၂၆၊ ၂ဝဝ၉

No comments: