Sunday, August 3, 2008

လှိုင်းဖျားထိပ်ကလူ

(ဆရာဒဂုန်တာရာသို့ )
သပြေပန်း
ကမ်းတဲ့သူ
အချစ်သွေး
လောင်းပေးသူ
ဒေါင်းအိုးဝေ
အိုးဝေသူ
ချိုးဖြူ ။
ရန်သူမရှိတဲ့သူ
ပိတောက်ကိုချစ်သူ
မတ်လကိုချစ်သူ
လစိမ်းကိုချစ်သူ
ဟိန်းရဲ့လူ ။
ပင်လယ်ဝက
မီးပြတိုက်နဲ့တူ
လှိုင်းဖျားထိပ်ကလူ ။

ငြိမ်းချမ်းသူ ၂၀၀၈ -မတ်လ