Tuesday, January 12, 2010

တန်ဘိုးနှစ်မျိုးနဲ့ နှစ်မျက်နှာ (ဗိုလ်ချုပ်ကျော်ဇောမွေးနေ့ ၉၀ ပြည့် သို့)

(က)
သိမ်းယူထားတဲ့ အာဏာ
အခွင့်ထူးတွေရလာ၊ အာဏာရစ်မူးလာ
ပုလ္လင်ပေါ်မှာ ကော်ထူထူကပ်ထား
သံမှိုစွဲထား
တဖဝါး မကွာတော့။

အာဏာအတွက်
လူတွေရဲ့ အသက်ကိုသတ်ဖြတ်ရ
ဖိနှိအပ်ချေမှုန်း အနိုင်ကျင့်ရ
ပြည်တွင်းစစ်မီး ဟုန်းဟုန်းထ။

သူတို့ရဲ့ဘွဲ့ထူး
ဂုဏ်ထူးသိက္ခာ၊ æ ကြည့်ပါ
အာဏာအရူးအမူး လူသတ်သမားတွေ
ကောက်ကျစ်စုတ်ပဲ့ လူယုတ်မာတွေ
အရှက်ကင်းမဲ့သူတွေ
စစ်ရာဇဝတ်ကောင်တွေ
တိုင်းပြည်ဆုတ်ယုတ်ပျက်ဆီး
လူ့အဖွဲ့အစည်းရဲ့ တရားခံတွေ
--------- တွေ
------------- တွေ
ဆဲသံဆိုသံ၊ ကဲ့ရဲ့သံတွေ
ရှုံ့ချမောင်းမဲ၊ တောထုတ်သံတွေ။

ငါတို့တိုင်းပြည်
ဒီ အနာ့ပဆုတ်တွေကြောင့်
ကြက်သရေ အခါခါယုတ်
ဂုဏ်ပုဒ်ကင်းမဲ့
ရှက်ပါရဲ့ ။

(ခ)
ဖိုးသက်တော်ရှည် ဗိုလ်ချုပ်က
အမျိုးသား ပြည်သူ
လူထုကိုချစ်တယ်
တိုင်းပြည်ကို ချစ်တယ်
အာဏာတန်ခိုးထက်
လူထုကို လေးစားမြတ်နိုး
လူထုအရိပ်မှာ ခိုကိုး
လူထုအကျိုးကို ဦးထိပ်ပန်ဆင်
ပြည်သူသာလျှင် အမိအဖ
အဖိုးရဲ့ ရာဇဝင်မှာတွေ့နေခဲ့ရ
ဘဝတလျှောက်လုံးမှာ ။

လွတ်လပ်ရေး
ပြည်သူ့ဒီမိုကရေစီရေး
ငြိမ်းချမ်းရေး ချွေးသွေးပေးဆပ်ခဲ့
ကိုယ်ကျိုးစွန့်လွှတ်ခဲ့
ရုန်းကန်ခဲ့လေရဲ့။

အဖိုးသက်တော်ရှည်ဟာ
တိုင်းပြည်ရဲ့ ကျက်သရေဆောင်
တော်လှန်လူထုရဲ့ သိက္ခာကိုဆောင်
အမှောင်ခေတ်ထဲက ကြယ်နီပွင့်နေတဝန်း
တင့်ရွှန်းဝေသာ
တိုင်းပြည်အတွက်
လက်လက်ကျက်သရေဖြာ
စက္ကန့်တိုင်းမှာပါ။

စိုင်းလောင်မိန်းသက် (ကြယ်ကမ္ဘာ)
ဒီဇင်ဘာ ၂၆၊ ၂ဝဝ၉

4 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ဟုတ်တယ်ဗျာ
အာဏာဆိုတာ ဘိန်း တို့ အရက် တို့ ထက်ပိုစွဲလန်းစေပါတယ် ဘိန်း တို့ အရက်တို့ က ဖြတ်လို့ ရပေမယ့် အာဏာ ယစ်မူးမိလို့ ကတော့ -------

ကဗျာဦး said...

ကဗျာဦးတို့ ငယ်စဉ်က လူကြီးတွေပြောသံကြားဘူးတယ်
ဗိုလ်ချုပ်ကျော်ဇောဟာတရုတ်ဖြူတွေကိုတိုက်ခဲ့တာတဲ့
ရဲဘော်သုံးကျိတ်ထဲမှာလည်း ဗိုလ်ချုပ်ကျော်ဇောနဲ့
နောက်တယောက်ပဲ ကျန်တော့တယ်တဲ့။ နောက်တယောက်က ဘယ်သူလဲ?

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ညီမလေးကဗျာဦး
ငယ်ငယ်က ဆိုတာ ဘယ်နှစ်ခုနှစ်လောက်ကလည်းမသိဘူးနော် ၈၈ ထိအောင်တော့ ဗိုလ်ရန်နိုင်လည်း ရှိတယ် နောက်တယောက်က သခင်ရှုမောင်ခေါ် ဗိုလ်နေ၀င်းလည်း ရှိနေသေးတယ်လေ

မောင်သုည said...

ကိုစိုင်းမလာဖြစ်တာအတော်ကြာသွားပြီ၊ကဗျာတွေဖတ်သွား
တယ်ဒီကိုမရောက်ဒါပေမဲ့ကျွန်တော်နဲ့ 
ဆရာစိုးချိန်တွေ့ တိုင်းခင်ဗျားအကြောင်းပြောဖြစ်ကြတယ်။
တိုးတက်အောင်မြင်ပါစေဗျာ။