Thursday, December 16, 2010

သွေးကွဲတော့ ရှုံးပွဲ ညီညွတ်တော့ အောင်ပွဲ

ငါတို့မှာ
ကျွန်နံ့ စွန်းထင်း
စစ်ကျွန်ဘ၀တွေရှိတယ်
ရေတွက်ကြည့်စမ်း
ဘ၀ပေါင်းအသင်္ချေ အသိန်းအသန်း
အံ့မခန်း။ ။

ငါတို့မှာ
တခါတခါ နိုင်ပွဲ
အကြိမ်ပေါင်းများစွာ ရှုံးပွဲပဲ
အဲဒီ ရှုံးပွဲ
ဘ၀တွေ အသဲနှလုံးတွေရဲ့ ရှုံးပွဲပဲ
ယုံကြည်မှုမတူပဲ
သွေးကွဲခြင်း ရလာဒ်တခုထဲ။ ။

အို ….. ချစ်စွာသော စစ်ကျွန်ဘ၀ပိုင်ရှင်တို့
မြေပြန့်က တောင်တန်းတွေပေါ်က
မြစ်ဝှမ်းဒေသက
ချိုင့်ဝှမ်း ကုန်းမြင့်လွင်ပြင်ပေါ်က
စစ်ကျွန်ဘ၀ပိုင်ရှင် မောင်နှမများတို့
မွဲပြာကျ အောက်ဆုံးလွှာ ဘဝ
အနိုင်ကျင့်ခံ
တန်းတူမှု ကင်းမဲ့ဘဝ
လွတ်လပ်မှု ဆိတ်သုဉ်းဘဝ
အဲဒီ စစ်ကျွန်ဘ၀ လွတ်မြောက်ရေး
အသွေးတူ အသားတူ
ညီညွတ်မှုကို အရယူ
လက်တွဲ ခိုင်ကျည် တိုက်ပွဲထူ
ယုံကြည့်ဖေးကူ ဆင်နွဲမှ
အောင်ပွဲ အတန်တန် ရမယ်ပ။ ။

နယ်ချဲ့ ဆန့်ကျင်ရေး လွတ်မြောက်ရေး
နှလုံးသွေးပေါင်းစပ် ညီညွတ်ခဲ့
ဖြတ်သန်းခဲ့ သမိုင်းထဲမှာ
မီးပင်လယ် ဆူးတော ချိုင့်ဝှမ်း
ဒုက္ခတောင်တန်း တိုက်ပွဲအထပ်ထပ်
အသက် သွေး ပေးဆပ်ခဲ့ကြ
လွတ်လပ်ရေးပန်းတိုင်တခုထဲ
တိုက်ပွဲ ရာ ထောင်
အောင်ပွဲ ခံခဲ့ဘူးတယ်
သမိုင်းဦးမှာ။ ။

စိုင်းလောင်မိန်းသက်
ဇူလိုင် ၁၈၊ ၂၀၁၀

No comments: